29 C
Yangon

လက်ပံတန်းတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိ

Must read

လက်ပံတန်းတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးပြီး လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရွှေဘိုစုကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် မယားဖြစ်သူ စန်းစန်း တို့ကို ၎င်းတို့နေအိမ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လင်မယားသည် ပြည်သူများကို စစ်မှုထမ်းကြေးဟုဆိုကာ အဓမ္မတောင်းခံခြင်း၊ မပေးနိုင်သည့်ပြည်သူများကို စစ်တပ် ခေါ်၍ ဖမ်းဆီရန်ပြုလုပ်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသ ပြည်သူများက သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုင်ကြားလာသော ပြည်သူများကို အုပ်ချုပ်ရေးမှူး လင်းမယားက ဖော်ထုတ်ရန် ကြိုးစားလာသောကြောင့် တော်လှန်ရေး ရဲဘော်များက ၄င်းတို့၏ နေအိမ်သို့ သွားရောက်စဉ် လက်ပစ်ဗုံးဖြင့် ခုခံပစ်ခတ်ရန် ပြုလုပ်ခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လင်မယား ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုက်ခိုက်ရေးတပ်ခွဲ-ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် အတူ တပ်ရင်း၃၈၀၂၊တပ်ခွဲ(၂)မှ ရဲဘော်များက ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article