29 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်းမြို့နယ် အရှေ့ရှိ ဘော်ဘင်ဗျူဟာလမ်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်တပ် စခန်းချပြီး ဘော်ဘင်ရွာကို စစ်ကြောင်းထိုးနေသည့် အင်အား ၂ဝ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အပြန်အလှန် ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန် တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ရွှေဂဠုန်စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထိတွေ့ တိုက်ပွဲမှာ မြေပြင် သတင်းတွေ အရတော့ စစ်ခွေး ၅ ကောင် သေတယ်လို့တော့ သတင်းရပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ များတယ်။ ကျနော်တို့ ရဲဘော်တွေ ပစ်တဲ့ လက်နက်ကြီးက စစ်ခွေးတွေရှိတဲ့ နေရာ တည့်တည့်ကို ကျတယ်လို့ သိရတယ်” ဟု ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးရိုးမ တော်လှန်ရေးတပ်ဦး ဗဟိုဦးစီးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ “ကဖူဂနောင် စစ်ဆင်ရေး” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article