24.6 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ရာထူးတိုးဖြင့် ပြောင်းရွေ့လာသည့် ရဲအုပ် မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ရာထူးတိုးဖြင့် ပြောင်းရွေ့လာသည့် ရဲအုပ် မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ရာထူးတိုးဖြင့် ပြောင်းရွေ့လာသည့် ရဲအုပ် မြင့်လွင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းရဲစခန်းကို ရာထူးတိုးဖြင့် ပြောင်းရွေ့လာသည့် ရဲအုပ် မြင့်လွင်သည် မင်းကွန်းဒေသရှိ မိသားစုထံ ခေတ္တ ပြန်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးချိန်တွင် ခုခံထွက်ပြေးရန် ကြိုးစားခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော မြင့်လွင်၏ ဆိုင်ကယ်ကို တော်လှန်ရေး ရဲဘော်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

” မင်းကွန်းဒေသမှာ ကျနော်တို့ ရှင်းလင်းခဲ့တာပါ။ နယ်မြေ အခြေအနေအရမို့လို့ သူအသုံးပြုနေတဲ့ ဆိုင်ကယ်ကိုပဲ သိမ်းဆည်းနိုင်ခဲ့တယ်။ မင်းကွန်းရဲစခန်းက ရဲတွေအနေနဲ့ အမြန်ဆုံး ချိတ်ဆက် အလင်းဝင်ကြရင် အသက်ချမ်းသာရာရမယ်ဆိုတဲ့ အကြောင်း အသိပေး ပြောချင်ပါတယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Road To Mandalay အဖွဲ့သားများနှင့် Royal Falcon (Sadaung Falcon) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article