ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံ၊ ပတ္တရားတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားက တရားမဝင် ခေါ်သွင်းလာသော အသက် ၁၈ နှစ်အောက် ကလေး ၃၅ ဦး အပါအဝင် မြန်မာ ၆၀ ဦးသည် လမ်းခရီးတွင် ပွဲစား၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး ငတ်ပြတ်မောပန်းနွမ်းနယ်သည့်အခြေအနေဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထိုင်းနိုင်ငံ၊ Khao Kho ခရိုင် ၊Rim Si Muang ခရိုင်ခွဲတွင် နေအိမ်များထံသို့ အစားအသောက် လိုက်လံတောင်းနေသည့် မြန်မာအမျိုးသား ၂ ဦးကို တွေ့ရှိ၍ ထိုင်းအာဏာပိုင်များထံသို့ ဒေသခံများက သတင်းပေးပို့ကြောင်း၊ ထို့ကြောင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးရာ တောထဲတွင် ငတ်ပြတ် မောပန်းနွမ်းနေသည့် မြန်မာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ၃၅ ဦးတို့ အပါအဝင် မြန်မာနိုင်ငံသား ၅၇ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသား ၅၇ ဦးသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ ပတ္တရားတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားခေါ်ယူလာပြီး လမ်းခရီးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ Tha Pho ခရိုင်ခွဲတွင် ပွဲစား၏ စွန့်ပစ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား မောင်နီနီ ၊ ကိုအောင်ဇာလူ နှင် ကိုရာဘီ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သည် ဖေဖော်ဝါရီ ၉ ရက်နေ့ မဲဆောက်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ လူ ၄၀ ပါဝင်ကြောင်း ၊ ၎င်းတို့အားလုံးကို ပွဲစားက စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရရှိသော မြန်မာ ၆၀ ဦးလုံးကို ထိုင်းအာဏာပိုင်များက တရားမဝင် ဝင်ရောက်မှု ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူဖမ်းဆီးထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476807212_988864360007837_409282564894075269_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476931313_988864423341164_6330759616050505690_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476806337_988864470007826_5408789768459289713_n.jpg)