26 C
Yangon

ကနီမြို့နယ် နတ်ကြီးရွာ အနီးသို့ စစ်ကောင်စီတပ်က ယနေ့ စစ်လေယာဉ်များဖြင့် ဗုံးကျဲချ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ နတ်ကြီးရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ULF စစ်ကြောင်း ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကနီမြို့နယ်ရှိ နတ်ကြီးရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“နတ်ကြီးရွာ အနီးတဝိုက်ကို တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားပါတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် အစောပိုင်းကလည်း ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တက်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၉ နှစ်အရွယ် ဦးအေးလင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၅၇ နှစ် အရွယ် ဒေါ်မုန်းလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

Photo- CJ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article