ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံမှာ လူတိုင်း စစ်မှုထမ်းဖို့ တာဝန်ရှိတာတွေ နိုင်ငံကို ကာကွယ် ဖို့ အရေးကြီးတယ်ဆိုတာတွေပါတ့ သူတို့ရဲ့ စစ်မှုထမ်း စနစ်အကြောင်းတွေကို အခြေခံပညာ ကျောင်း တွေမှာ လာမယ့် ပညာသင်နှစ်အတွင်း စတင်သင်ကြားမယ်ဆိုပြီး လုပ်လာပြန်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေ အားလုံး ပြည်ပ အလုပ်လုပ်ခွင့် တရားဝင် ဆိုင်းငံ့ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အသိပေးကြေငြာလိုက်ပြီဖြစ်တဲ့အတွက် တချို့အေဂျင်စီတွေလည်း လုပ်ငန်းတွေ ရပ်နားကုန်ကြပြီလို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်းက ရေစကြိုမြို့နယ်၊ ပခန်းမြို့မြောက်ဘက်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/5862668829806957308.jpg)