28 C
Yangon

ပဲခူးတိုင်းတွင် စစ်ဆင်ရေးများအတွက် အရေးကြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး NUG ဝန်ကြီးချုပ်ရုံးက ကွင်းဆင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းတွင် အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး NUG ဝန်ကြီးချုပ်ရုံးမှ အဖွဲ့က ကွင်းဆင်းတွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် NUG ဝန်ကြီးချုပ်ရုံးမှ အဖွဲ့က သွားရောက် တွေ့ဆုံကြောင်း၊ NUG ဝန်ကြီးချုပ်ရုံးမှ အဖွဲ့တွင် အလုပ်သမားဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ခရီးစဉ်အတွင်း PDF တပ်ရင်းတာဝန်ရှိသူများက မြေပြင်အခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများ၊ PDF တပ်ရင်းများ၏ လိုအပ်ချက်များ ဆွေးနွေးခဲ့ပြီး PDF များ စိုးမိုးထိမ်းချုပ်ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့လည်း သွားရောက်လေ့လာခဲ့ကြကြောင်း၊ PDF တပ်ရင်းများ၏ လတ်တလောလိုအပ်ချက်များအတွက် ဝန်ကြီးချုပ်ရုံးက ထောက်ပို့ကူညီမှုများပြုလုပ်ကာ အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များအား အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article