29 C
Yangon

မိုးညိုမြို့နယ်၊ မိုးသစ္စာရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ချစ်ကို ငွေကျပ် သိန်း ၆၀ ဖြင့် စစ်မှုထမ်းတပ်သားအဖြစ် ရောင်းစားခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် အသက် ၂၇ နှစ်အရွယ် မောင်ချစ်ကို ကို အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ က လိမ်လည်ခေါ်ဆောင်ပြီး စစ်တပ် စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းရန် ငွေကျပ် သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်း မောင်ချစ်ကို၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ မိုးသစ္စာရွာတွင် နေထိုင်သော မိဘမဲ့ အသက် ၂၇ နှစ်အရွယ် မောင်ချစ်ကို ကို မိုးသစ္စာကျေးရွာ အုပ်ချူပ်ရေးမှူး ဦးဖိုးနီ၏ သားဖြစ်သူ ရာဇာအောင်နှင့် ရဲကိုဦး ဆိုသူတို့က KTV သို့ ပို့မည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မိုးညို အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်အနီးတွင် ဆိုင်ကယ် ရပ်ခိုင်းပြီး ဘုရားငူ အုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ထွေ/အုပ် စာရေးနှင့် ရဲ ၁ ဦး ရောက်ရှိလာကြောင်း၊ ရဲနှင့်ထွေ/အုပ်စာရေးတို့က မောင်ချစ်ကို ကို အုပ်ချူပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားပြီး လူစားထိုး စစ်မှုထမ်းရန် ငွေကျပ် သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။

မောင်ချစ်ကိုသည် မိဘမဲ့ဖြစ်သောကြောင့် ၎င်းကို လိုက်လံ ရွေးထုတ်မည့်သူ မရှိကြောင်း၊ မိခင်နှင့် ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်းတွင် ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်နေသူဖြစ်ပြီး လက်လုပ်လက်စား လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

“မောင်ချစ်ကိုက အုပ်ချုပ်ရေးမှူးသားဖြစ်သူလာခေါ်တုန်းက မလိုက်ရဲဘူးလို့ အတန်တန်ငြင်းဆိုသေးတယ်။ မငြင်းနိုင်လောက်အောင် အတင်းအကျပ် ခေါ်သွားခံရတယ်။ ကောင်းလေးကို မိုးညိုစစ်ဆေးရေးဂိတ်အနားရောက်မှာ ဆိုင်ကယ် ရပ်ခိုင်းပြီး ဂိတ်ကို ဖုန်းလှမ်းဆက်တယ်။ ဖုန်းလှမ်းဆက်ပြီး မကြာဘူး။ ဘုရားငူအုပ်စု ထွေ/အုပ်စာရေးနဲ့ ရဲ ၁ ကောင် ရောက်လာပြီး မောင်ချစ်ကို ကို အုပ်ချူပ်ရေးမှူးရုံး ခေါ်ဆောင်သွားတယ်။ နောက်ပြီး စစ်တပ်ဆီမှာ စစ်မှုထမ်းဖို့ဆိုပြီး သိန်း ၆၀ နဲ့ ရောင်းစား လိုက်တယ်” ဟု မောင်ချစ်ကို၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

ယခုလအတွင်းဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၀ အတွက် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းအဖြစ် လူငယ်များကို စုဆောင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်မှုထမ်းကြေး အဖြစ် ငွေကြေး ကောက်ခံမှုများမှာလည်း နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article