ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ ဆေးရုံ အဆောက်အဦးတော့ တော်တော် ထိခိုက်သွားတယ်။ အကုန်လုံး နီးပါးကို ပျက်စီးသွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ကမ်းပါးနီရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ကျေးရွာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကိုပါ လေကြောင်းဖြင့် ဆက်တိုက် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/479157336_990336243193982_7445370911836457970_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480156392_990336273193979_6633302606618055190_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479536356_990336406527299_6652993202879865056_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480156186_990336363193970_9062649988314806154_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/478008890_990336419860631_3597755805645351283_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480154337_990336453193961_7737484910313234889_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480138181_990336396527300_3511962776034516639_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480190929_990336449860628_8397833140921610603_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480162050_990336486527291_2505514212169181743_n.jpg)