ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်နှင့် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲရွာကို အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အသက် ၃၀ အရွယ် တောင်ပို့ကွဲ ရွာသားတစ်ဦး လက်တွင် ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၁ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကလည်း ဘုရားတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးသီး ၆ ကြိမ် လာရောက် ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar













