30 C
Yangon

လင်မြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မုံရွာ ထနောင်းဝင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

Must read

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မုံရွာ ထနောင်းဝင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒုံးပျံ Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသော အထက်တန်းကျောင်းရှိ စစ်ကောင်စီ တပ်သားများကို ဒုံးပျံ Local PDF တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စမ်းသပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စမ်းသပ်မှုက ထင်ထားတာထက် ပိုကောင်းမွန်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါ၊။ ဖုန်းလိုင်းတွေကလည်း အခက်အခဲဖြစ်နေလို့ စုံစမ်းမရသေးပါဘူး။ ထုတ်လုပ်မှု အကောင်းမွန်ဆုံးဖြစ်သွားတဲ့အတွက် ထုတ်လုပ်သူတွေရော အလှူရှင်တွေ အတွက်ပါ တကယ် အကျိုးရှိပါတယ်။ တပ်သားတွေ အားလုံးလည်း ပင်ပန်းရကျိုးနပ်လို့ ပျော်နေကြပါတယ်” ဟု ဒုံးပျံ Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Brothers Revolution Force-Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထနောင်းဝင်း ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲသည် အချိန် ၂ နာရီ ကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brothers Revolution Force Monywa နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article