29 C
Yangon

ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရရှိမည်ဟုဆိုကာ အမျိုး သမီးတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပင်မရတော့ဘဲ ပျောက်ဆုံးနေ

Must read

ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရရှိမည်ဟုဆိုကာ အမျိုး သမီးတစ်ဦးက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပင်မရတော့ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ အမျိုးသမီးတစ် ဦးက ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဒလမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ မလိခ ၃ လမ်းထိပ်တွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မမိုးသဲချစ်သည် ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မမိုးသဲချစ်ကို မိသားစုဝင်များ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ နေအိမ်အတွင်း မြောင်းမြမြို့ဘက်သို့ အလုပ်သွားလုပ်မည့် အကြောင်း ရေးသားခဲ့သည့် စာကိုသာတွေ့ရှိခဲ့ကြောင်း၊ ၎င်း မပျောက်ဆုံးမီ ဒလမြို့နယ် တပင်ရွှေထီး ရပ်ကွက်တွင် နေထိုင်သော မဖြိုးဆိုသည့် အမျိုးသမီး ၁ ဦးနှင့် အတူတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံတွင် အလုပ်သွားလုပ်မည့် အကြောင်း ပြောဆိုနေသည်ကို ပတ်ဝန်းကျင်မှ ပြည်သူများက ကြားသိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် မမိုးသဲချစ်က မိသားစုဝင်များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ၎င်း သဘော ဆန္ဒဖြင့် ရပ်ဝေးတွင် အလုပ်လုပ်ရန် လိုက်သွားခြင်းဖြစ်ကြောင်း၊ ခေါ်ဆောင်သွားသူ မဖြိုး ကိုလည်း ရဲစခန်းတွင် အမှုမဖွင့်ရန် ပြောဆိုပြီး ဖုန်းစက်ပိတ်သွားကြောင်း၊ မိသားစုဝင်များကလည်း ရဲစခန်းတွင် အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“မမိုးသဲချစ်က ၁၃ ရက်နေ့ နံနက်ပိုင်းက ကျောင်းသွားတာ ကျောင်းကို ရောက်မလာလို့ လိုက်ရှာကျတာမတွေ့ဘူး။ အိမ်မှာပြန်ရှာတော့လည်း မြောင်းမြမြို့ဘက်ကို အလုပ်သွားလုပ်မယ့်အကြောင်း စာရေးထားတာတွေ့ရတယ်။ ပတ်ဝန်းကျင်က မနက်ပိုင်းမှာ အဲ့ကလေးမလေးနဲ့အတူ အမျိုးသမီး ၁ ဦး နဲ့တွေ့လိုက်တယ်လို့ ပြောတယ်။ သူတို့ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြောနေတယ်လို့ ပတ်ဝန်းကျင်က ကြားတဲ့သူတွေကတော့ ပြန်ပြောတယ်။ သူပျောက်ဆုံးသွားတဲ့ ညပိုင်းမှာတော့ ဖုန်းလှမ်းဆက်တယ်။ သူ့သဘောနဲ့သူ အလုပ်လုပ်ဖို့အတွက် လိုက်သွားတယ်ပေါ့။ မဖြိုးကိုလည်း ရဲစခန်းမှာ မတိုင်ဖို့ အကြောင်းပြောပြီး ဖုန်းပိတ်သွားတယ်။ အခုရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်ဆောင်နေပါတယ်” ဟု မိသားစုဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. လူကို လူလို့ မြင်မှသလျင် တိုးတက် ပြောင်းလဲ နိုင်ပါတယ်🫵🫵🫵🫵🫵🫵🫵🫵🫵🫵🫵🫵🫵

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article