ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် စစ်အာဏာရှင်စနစ် အလိုမရှိ ဆန္ဒပြ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ပြည်သူများက ”ရှင်သန်တဲ့ ဘဝနိဗ္ဗာန်ရရှိဖို့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် တော်လှန်စို့ ၊ အလုံးစုံ ဒုက္ခ လွတ်မြှောက်ဖို့ အာဏာရှင်ကို တော်လှန်စို့၊ပြည်သူအားလုံး ဆင်းရဲရခြင်း အဓိက အာဏာရှင်စနစ်ကြောင့်” စသည့် စာသားများကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြသည်။


