29 C
Yangon

ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ မှ ပြည်သူ့စစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ မှ ပြည်သူ့စစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ မှ ပြည်သူ့စစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခလရ ၄ တပ်ရင်းမှ ပြည်သူ့စစ် ၂ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ် ၂ ဦးသည် MA1 သေနတ် ၂ လက်၊ ကျည် ၄၁၇ တောင့်နှင့် ကျည်ဘောက် ၆ ခုတို့ ယူဆောင်လာခြင်းကြောင့် မန္တလေးခရိုင် ပကဖ က ဂုဏ်ပြုငွေ ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးခရိုင် ပကဖ အဖွဲ့အနေဖြင့် အလင်းဝင်ရောက်လာသူများနှင့် ဝင်ရောက်လိုသူများကိုလည်း ကြိုဆိုလျှက်ရှိပြီး မန္တလေးခရိုင်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ တပ်မတော်သားများ၊ ရဲများ အလင်းဝင်ရောက်လိုလျှင် မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ချိတ်ဆက် ဆက်သွယ်နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article