30 C
Yangon

ပုလော၊ ရှပ်ပုံကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ပုလော၊ ရှပ်ပုံကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ် ရင်း – ပုလော PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီခန့်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုး လာသည့် ဖက်ဆစ်စစ်ကောင်စီတပ်ကို ရှပ်ပုံရွာထိပ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ရှပ်ပုံကျေးရွာ ၊ ဆီတောင်အနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်လည်း ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရေချိုကျေးရွာသို့ တောလမ်းမှတဆင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ် ပေါင်းစု၏ တန်ပြန်ထိုးစစ်ကို မခံနိုင်ပဲ အထိနာသွားသော အကြမ်းဖက်စစ်တပ်သည် လေကြောင်း ၊ ရေကြောင်းမှ ပစ်ကူယူကာ ကယ်ထုတ်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ညနေ ၃ နာရီ ဝန်းကျင်၌လည်း အကြမ်းဖက်စစ်တပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျော်ကျဲ ချခဲ့ပြီး ရေတပ်ကပါ လက်နက်ကြီး များဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုကြောင့် စစ်ကောင်စီတပ်သား များ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲဖြစ်စဉ်များ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ ဖက်ဆစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပုလောမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ၊ တိုက်ပွဲတွေအတွင်းမှာ စကစဘက်က ၁၀ ဦး ထက်မ နည်း ထိခိုက်သေဆုံးပါတယ်။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – ပုလော PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုး သား ကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း ၇ နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၂ ဦး မစိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် စစ်ယာဉ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article