28 C
Yangon

ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်တပ် ရှေ့ပြေးကင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်တပ် ရှေ့ပြေးကင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်၊

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ရှေ့ပြေးကင်း အဖွဲ့ကို တိုက်မိုင်း ပဒေသာ ၃ လုံးဖြင့် ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး မိုင်းထိမှန်ခဲ့ပြီး ၃ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” မိုင်းကွဲတာကို ကျွန်တော်တို့ လှမ်းမြင်ရတယ်ပေါ့။ စစ်ခွေးသေ စာရင်းက ၃ ကောင်က နေရာမှာ ပွဲချင်းပြီးသေတယ်။ ၂ ကောင်ကတော့ ဒဏ်ရာ အပြင်းအထန်ရတယ်။ စစ်ခွေး ၅ ကောင်က စစ်ကြောင်း ရှေ့ပြေးကင်းအဖြစ် တက်လာတဲ့ အချိန် တိုက်ခိုက်ခဲ့တာပေါ့။ လုံခြုံရေးကလည်း အပြည့်အဝ မယူပေးတဲ့အတွက် မိုင်းအကုန်မထောင်နိုင်ခဲ့လို့ နောက်ဆုတ်လိုက်ရလို့ပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး LDF က ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး အဖြင့် ပေါက်မြို့နယ် တောင်ပိုင်း ပကဖ ဇုန် ၁ နှင့် ဇုန် ၁၀ တို့က ပူးပေါင်း လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article