28 C
Yangon

စစ်တွေနှင့် လွိုင်လင်လေးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီကျော်အချိန် စစ်တွေမြို့နယ်၊ ဇော်မဒက်ကျေးရွာတွင် စခန်းချ တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်တွေမြို့နယ် မင်းလှကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး ၁၃ လုံး ပစ်ခတ်ခဲ့သဖြင့် မင်းလှကျေးရွာမှ နေအိမ် ၇ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ဝန်းအချိန် ကရင်နီပြည်၊ လွိုင်လင်လေးမြို့နယ်၊ နမ့်နောက်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာဘုန်ကြီးကျောင်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

“လွိုင်လင်လေးထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာက အမြဲလိုလိုပါပဲ။ အခုကတော့ ကျေးရွာဘုန်းကြီးကျောင်းပျက် စီးသွားတယ်။ ပြည်သူတွေကတော့ စစ်ရှောင်နေကြတာများတော့ အထိအခိုက်အပျက်အစီးပဲရှိတယ်။ လူတော့ မထိခိုက်ပါဘူး” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ ကရင်နီပြည်ထဲသို့ ထိုးဖောက်ဝင်ရောက် ကြိုးစားနေကြောင်း၊​ လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏဆိုသလို လုပ်ဆောင်နေ၍ ပြည်သူများ ယခင်ထက်ပိုမို သတိထား စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article