Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက ရှေ့တန်းရောက် စစ်မှုထမ်း တပ်သားသစ်တွေကို တိုက်ပွဲအတွင်း သေသွား ရင် အထက်အရာရှိတွေရဲ့ ခွင့်ပြုချက်မရဘဲ မည်သူကမှ ကျန်ရစ်သူမိသားစုတွေဆီ အသိပေး အကြောင်း ကြားတာတွေ မလုပ်ဖို့ အမိန့်ထုတ်လိုက်ပြန်ပြီး ၊ ရှေ့တန်းရောက် စစ်မှုထမ်းတပ်သားသစ် တွေရဲ့ဖုန်း တွေလည်း သိမ်းယူထားတဲ့အပြင် ဖုန်းအသုံးပြုခွင့်လည်း ပိတ်ပင်ထားတယ်လို့ စစ်တပ် သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရှမ်းပြည်နယ်က ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တာ်ကို များတဲ့အပြင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၄ ဦးကိုပါ လက်နက်တွေနဲ့အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီး ရမိထားတယ်လို့ Inle -PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ၊ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ သိန်ခွန်း ကျေးရွာနဲ့ ညောင်ပင်ကွင်း ကျေးရွာကိုပါ လေယာဉ် နဲ့ လာပြီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
