လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအေယာင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နှင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြကြောင်းသိရှိရသည်။


