ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ယမန်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။
ယခုအချိန်သည် စစ်အာဏာဏာရှင်ကို အမြစ်ဖြတ်ရန် အချိန်မဆွဲကြဘဲ အားလုံး အတူတူ ရုန်းကန်ကြရမည်ဖြစ်ကြောင်း၊ အားလုံးမညီညွတ်လျှင် ယခင်ကာလများကဲ့သို့ သွေးခွဲလမ်းစဉ်ဖြင့် တစ်ဖွဲ့စီ ဖဲ့ထုတ်ပြီး တော်လှန်ရေးကို အင်အားချိနဲ့စေရန် လုပ်ဆောင်လာမည်ကို သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်ဖြစ်ဖြစ် ဒီတကြိမ်က တော့ အမြစ်ဖြတ်ရမယ့်ပွဲလို့ စိတ်ထဲမှတ်ပြီး အချိန်မဆွဲကြပဲ အားလုံးအတူတူ ရုန်းကြရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မညီညွတ်ရင် အရင့်အရင် ကာလတွေလိုမျိုးပဲ တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျွန်တော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။
ထို့ပြင် လက်ရှိ ရန်သူ စစ်ကောင်စီက နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နည်းမျိုးစုံ၊ ပုံစံမျိုးဖြင့် နှိပ်ကွက်လေ့ရှိကြောင်း၊ တော်လှန်ရေးမှာ အချိန်ကြာလာသည်နှင့်အမျှ စိန်ခေါ်မှုများ ပိုမိုများပြားလာကြောင်း၊ ရန်သူကို အထင်သေး၍ မရသကဲ့သို့ အထင်ကြီးရန်လည်း မလိုကြောင်း၊ စစ်ကောင်စီက နိုင်ငံတကာမျက်နှာစာကို ရသည့်နည်းဖြင့် ပြန်လည် တက်နိုင်ရန် ကြိုးစားနေကြောင်း မန်းဝင်းခိုင်သန်းက ရှင်းပြသည်။
“တော်လှန်ရေးတစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှု တွေကလည်း ပိုများလာ တတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်ပြန် တက် လာတဲ့ စစ်အာဏာရှင်တွေဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ရန်သူကို အထင်ကြီးစရာ မလိုသလို အထင်လည်းသေးလို့မရပါဘူး။ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်သလို နိုင်ငံတကာမျက်နှာ စာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင်သင့်တာတွေ ကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA နှင့် TNLA အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲနိုင်ရေး တရုတ် ၏ ကြားဝင်စေ့စပ်မှုဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်ကို မြင်တွေ့ရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
