36 C
Yangon

မြိုင်မြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၁ ဦး ထက်မနည်း သေဆုံး၊ အထိနာသော စစ်တပ်က ကျောက်ဆောက်ရွာကို မီးရှို့ ဖျက်ဆီး

Must read

မြိုင်မြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၁ ဦး ထက်မနည်း သေဆုံး၊ အထိနာသော စစ်တပ်က ကျောက်ဆောက်ရွာကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မြိုင်မြို့မှ ပခုက္ကူမြို့သို့ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း 8+အညာမြေ အင်အားစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုရှိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့ပေါ်ရှိ စစ်တပ် လက်အောက်ခံ Non CDM ဝန်ထမ်းများကို ခေါ်ဆောင်ကာ ပခုက္ကူမြို့သို့ ထွက်လာသော ယာဉ် ၃၂ စီးနှင့် ခြေလျင်စစ်ကြောင်းကို မြိုင်မြို့နယ်၊ ထန်းငယ်တောရွာနှင့် စဘေရွာ အကြားအရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိတွေ့မှုဖြစ်တာက ၃ ဦးသေတယ်။ မိုင်းထိတာက ၈ ဦးလောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ လည်းတော်တော်များတယ်။ အသားစတွေ၊ လက်တို၊ လက်ပြတ်တွေကို လမ်းဘေးချုံတွေထဲမှာ လွှင့် ပစ်ထားတာ။ မြိုင်မြို့ပေါ်က Non CDM တွေကို လည်းခေါ်လာတယ်လို့ သတင်းရထားတာ။ အခု တော့ သူတို့ ကျောက်ဆောက်မှာ မီးတွေရှို့ပြီး ပြန်ထွက်နေပြီလို့ သိရတယ်။ အခုတော့ မီးရှို့နေတာ၊ မီးခိုးလုံးကြီးတွေ မည်းတက်နေတာ မြင်ရတယ်။ ပြည်သူတွေကတော့ အရင်ရက်တွေကတည်းက ရှောင်ထားတာ။” ဟု 8+အညာမြေ အင်အားစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကိုရှိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့နောက် ယာဉ်တန်းနှင့် စစ်ကြောင်းသည် စဘေရွာ အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် နင်းမိုင်း၊ ပေပါမိုင်းကွင်းထဲရောက်ရှိကာ မိုင်းထိပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးကာ စစ်သားအများအပြား ခြေပြတ်လက်ပြတ်ဖြစ်၍ ပြတ်ထွက်သွားသော ခြေထောက် နှင့် လက်များ၊ အသားစများကို လမ်းဘေးချုံပုတ်ထဲ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မူကို 8+အညာမြေတပ်ပေါင်းစု အဖွဲ့များဖြစ်သည့် M .V. P Revolution Force ၊ အလင်းတန်း ပြောက် ကျားတပ်ဖွဲ့ -မြိုင် ၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Phonex People Defense Force ၊ Scopion People Defense Force ၊ ဌေးအောင်ပြောက်ကျား တပ်ဖွဲ့ ၊ ဇာမဏီဒရုန်း တပ်ဖွဲ့ နှင့် မြိုင်ပကဖ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ် တွင် မြိုင်မြို့ နယ်၊ ကျောက်ဆောက်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူပြီး ပခုက္ကူမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article