35 C
Yangon

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော ကြေးနီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော ကြေးနီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော ကြေးနီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 peoples defense force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်​ ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ jammer ကား လုံခြုံရေးများ အစောင့်အရှောက်များဖြင့် ထွက်လာသော ကြေးနီကားများနှင့် အက်ဆစ်တင်ဆောင်လာသော ကားများကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အက်ဆစ် တင်ဆောင်လာသော ကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ကြေးနီယာဉ်တန်း လုံခြုံရေးအတွက် ကင်းစောင့်နေသော စစ်သားများက တော်လှန်ရေး တပ်ဖွဲ့များကို လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးအင်အားကတော့ တောက်လျှောက်ပဲ စစ်ခွေးကတော့ မသေဘူး။ Acid တွေတော့ ပြန်ကျဲသွားရောပဲ” ဟု Area 71 peoples defense force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့နှင့် အတူ Area 71 PDF Monywa အဖွဲ့၊ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့ ၊ ကမျဉ်းမနီ (K.M.N) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ အထိုင်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း TGYR ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ အထိုင်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၄၀-မမ ၆ လုံး ၊ ၈၀-မမ ၈ လုံး ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်သားဘက်မှ Mi-35 ရဟတ်ယဉ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ ( TGYR-Drone Team ) နှင့်အတူ (ငန်းနတ် ပြောက်ကျားတပ်ဖွဲ့) ၊ မန္တလေးခရိုင် (အမှတ်၅တပ်ရင်း) ၊ (925-ပြောက်ကျားတပ်ဖွဲ့) ၊ (ဧရာမွေပွေး ပျောက်ကျားတပ်) ၊ (နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့) ၊ (ငါန်းဇွန်မြို့နယ်-တိုက်နယ်၂ ပကဖ အဖွဲ့ )၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ) ၊ အမရပူရမြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article