29 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော်မှာ စစ်ရေးပြ လျှောက်မယ့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ကျွေးမွေးရေးတာဝန်ယူထားတဲ့ ထောက်ပို့စစ်သား အယောက် ၂၀ မှာ မျောက်ကျောက်ရောဂါ တွေ ကူးစက်ခံနေရတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောထားတဲ့အကြောင်းကို CMD အသိုင်းအဝိုင်းက သတင်းပေးပို့ထားပါတယ်။
  • မကွေးတိုင်းက မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကတော့ နေရာမှာတင် ပစ်လဲပြီး အသီးသီး သေကုန်ကြပြီးတဲ့နောက် လေကြောင်း ပစ်ကူတွေပါ အသည်းအသန်ခေါ်ရတဲ့အထိ စစ်တပ်ဘက်က အထိနာသွားကြတယ်လို့ သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ရန်ကုန်မြို့က လှိုင်မြို့နယ်မှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင် အထည် စက်ရုံ နဲ့ လှိုင်သာယာမြို့နယ်က မြို့မရဲစခန်းတို့ကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေက လက်ပစ်ဗုံးတွေ အပေးပစ်လောင်ချာတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article