Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကြေညာလိုက်ပြန်ပါတယ်။
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေက စစ်မှုထမ်းဖို့ တစ်ရွာကို လူငယ် အယောက် ၃၀ နှုန်းနဲ့ အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေသလို၊ ဧရာဝတီတိုင်း မှာလည်း စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ တောက်လျှောက်လုပ်နေတဲ့အတွက် လူငယ်တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသမှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျားဖြန့် ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အစိုးရက စွဲချက်တင်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
