37 C
Yangon

မြင်းခြံတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF များက မီးလိုင်းသွယ်ပြီး လျှပ်စစ်မီးပေး

Must read

မြင်းခြံတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF များက မီးလိုင်းသွယ်ပြီး လျှပ်စစ်မီးပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ်က မီးရှို့ဖျက်ဆီးထားသည့် ကျေးရွာများကို လျှပ်စစ်မီးရရှိ ရေးလုပ် ဆောင်ပေးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားပေးရုံးမှ Cable ကြိုးများနှင့် အခြားလျှပ်စစ်နှင့် ဆက်စပ် ပစ္စည်း အချို့ကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် -၉ တပ်ရင်း ရဲဘော်များက လုံခြုံရေးအပြည့်ယူကာ ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းယူထားသော ပစ္စည်းများကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတာဝန်ခံများဖြင့် ပူးပေါင်း ကာ အကြမ်းဖက် စစ်အုပ်စုက မီးရှိဖျက်ဆီးထားခဲ့သည့် ရွာများထဲမှ ရွာတစ်ရွာတွင် လျှပ်စစ်မီး ပြန် လည်ရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ ယင်းကျေးရွာနေပြည်သူ ၆၀ ရာခိုင်နှုန်း ကို လျှပ်စစ်မီး ရရှိကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် -၉ တပ်ရင်းအနေဖြင့် ကိုယ်ကျိုးအတွက် အသုံး ပြုခြင်း မျိုး မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်းရှိ အများပြည်သူများ ပြန်လည်အဆင်ပြေရေးနှင့် ကောင်း မွန်စွာ နေထိုင်နိုင်ရေးအတွက် မည်သည့်ပုံစံမျိုးနှင့်မဆို တရားနည်းကျကျ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article