Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့အဖွဲ့တွေက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံ စာရင်းကနေ ပယ်ဖျက်ပေးဖို့ FATF အစည်းအဝေးမှာ တက်ရောက် အရေးဆိုပေမယ့် မအောင်မြင်ဘဲ ပြန်လာခဲ့ရပြန်တယ်ဆိုပါတယ်။
-ကရင်ပြည်နယ်မှာ မြဝတီမြို့နယ်ကို ထိန်းချုပ်ဖို့ဆိုပြီး ရက်ပိုင်းအတွင်း သွားရတဲ့ ခရီးကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျာစစ်ကြောင်းဟာ ၉ လကျော်တဲ့အထိ မရောက်နိုင်သေးပဲ တော်လှန်ရေး တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံနေရရင်းနဲ့သာ ထပ်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်လာနေပြန် သလို ၊ ကော့ကရိတ်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၅ ဦးရဲ့ မသာအလောင်းတွေနဲ့အတူ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်း ရရှိထားပြန်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။
ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးအနေနဲ့ “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုကို ပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
