လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသ ပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရသည်။


