31 C
Yangon

လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံနှင့် သိမ်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံနှင့် သိမ်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံ နှင့် သိမ်ကျောင်းကို အကြမ်ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝါချဲကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတစ်လုံး ၊ သိမ်ကျောင်းတစ်လုံးနှင့် ဇောင်းတန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာ နှင့် လုပ်ကိုင်စားသောက်ရာ နေရာများကို ပစ်မှတ်ထားကာ သာသနာနယ်မြေများပါမကျန် လက်နက်ကြီးများ နှင့် ဒရုန်းများ၊ လေယာဉ်များဖြင့်ပါ အကြောင်းမဲ့ လာရောက်ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်‌ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများသည် စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်သွားလာနေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article