ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြင်ဦးလွင်မြို့က ရေချမ်းအိုးရပ်ကွက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ သိမ်းယူမယ့် မြေကွက်ပေါ်က ပြည်သူပိုင် နေအိမ်တွေကို ဖြိုဖျက်ဖို့ ဒီကနေ့မနက်ပိုင်းမှာပဲ မြေကော်စက်နဲ့ဘူဒိုဇာကားတွေ ရောက်နေပြီး စစ်တပ်နဲ့ရဲတွေကပါ လုံခြုံရေးယူထားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေလည်း စစ်ယာဉ်တန်း နဲ့ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကိုပါ တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်သား ၇ ဦးထက်မနည်းကတော့ ထပ်မံ သေကုန်ကြပြန်တဲ့အပြင် ၊ လက်နက်တွေ လည်း ရရှိထားပြန်တယ်လို့ CDF – Asho တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက မင်းကင်းမြို့နယ်၊ သင်တောကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းကနေ တပ်ပျက် ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးက ထပ်မံသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
