ကျိုက်ထို သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများနှင့် အမှတ် ၃၁၀ အမြောက်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း အင်းတကော် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်ဇရမ် အခြေစိုက် ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး ရှော့တိုက်ဒုံးများဖြင့် တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းတွေ အင်အားထပ်ဖြည့်ထားတယ်လို့ သတင်းလို့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ပြီး ရှော့တိုက်ဒုံးနဲ့ တပြိုင်တည်းသွားရောက်တိုက်ခိုက်ခဲ့တယ်။ ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ ရန်သူ့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည်
ဆုတ်ခွာနိုင်ခဲ့တယ်” ဟု အင်းတကော် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ ၊ အင်းတကော်မြို့နယ် ပကဖ နှင့် တောင်ညို စစ်ကြောင်းတို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်အတွင်းကို မစ်ဇိုင်း ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်ရင်း၊ ဗဟိုကင်းနှင့် လူပျိုဆောင်တို့အား မစ်ဇိုင်းဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံး၊ ထိခိုက်လူနာ များကို ပဲခူးမြို့နှင့် မော်လမြိုင်မြို့ဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
“သေဆုံးထိခိုက်မှုက စုံစမ်းလို့မရဘူး။ လူနာတင်ယာဉ်တွေနဲ့ သိမ်ဇရပ် ကျိုက်ထို ဆေးရုံကို မတင်ဘဲ ပဲခူးနဲ့ မော်လမြိုင်ကို ပို့တယ်လို့ သိရတယ်။ လူပျိုဆေင်ဘားတိုက်နားကျတာ ထိခိုက်သေဆုံးမှုကတော့ရှိတယ်။ အခုထိ သိမ်ဇရပ်က လူနာတင်ယာဉ်တွေ အကုန်နီးပါး လိုက်ပို့ရတယ်လို့ သတင်းရ ထားတယ်။ ပထမ ၂ လုံးပစ်တော့ ပြန်ပစ်တာမျိုးမရှိဘူး။ တတိယအလုံး သူတို့နားကျပြီးတော့ ပြန် စပစ်တာ လက်နက်ကြီးရော လက်နက်ငယ်ရောပဲ စကစဘက်ကို ကျနော်တို့ ဒရုံးနဲ့ချဖို့ ဂျန်ဘာတွေ တအားသုံးလာတဲ့အပြင် gps ဂျန်ဘာတွေပါ အဆင်မြင့်တပ်လာတယ်။ ဒိီအချိန် ကျနော်တို့ မိုင်အကွာအဝေးနဲ့ ပစ်မှတ်တိကျမှုအနီးဆုံး ထုတ်လုပ်နိုင်သော မစ်ဇိုင်းတွေ ၆၀ မမတွေ ရှော့တိုက်ဒုံးတွေကလဲ စကစ အတွက် ကြီးမားသော ထိုးစစ်ခံရမှုပါပဲ။ ကျနော်တို့ တိုက်ခိုက်မှု စနစ်တကျတွေနဲ့ ခြေသံလုံလုံ အတက်နိုင်ဆုံး သတင်းမပေါက်ကြားအောင်လုပ်ပြီး စကစ တိုက်ထုတ် စစ်တောင်းမှသည် အိမ်အပြန်သို့ ခရီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် (ပကဖ) ဦးဆောင်၍ UDF ၊ ဝေါ (ပကဖ) နှင့် ကဝ(ပကဖ) လက် နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက် ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် သေဆုံးစစ်သားများ အသုဘချရာတွင်လည်းကောင်း၊ လူများကို ပို့ဆောင်ရာတွင်လည်းကောင်း၊ နာရေးကူညီမှုအသင်း၊ ပရဟိတအသင်းတို့မှ အဖွဲ့ဝင်များ ကို သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက်ဖိအားပေးထားကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုး မောင်က ဆက်လက် ပြောဆိုသည်။
