26 C
Yangon

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်နှင့် ထန်းပင်ကန်ရွာ ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရားဆင်းတုတော်များ ပျက်စီး

Must read

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်နှင့် ထန်းပင်ကန်ရွာ ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရားဆင်းတုတော်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုရားဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ် ဇရပ်ကြီးရွာ အနောက်ဘုရားကြီးကုန်းရှိ ဘုရားတိုက်နှင့် ဇရပ်တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုရားစင်းတုတော်များနှင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း၊ သံဃာတော်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဇရပ်ကြီးကျေးရွာ အနောက်ဘုရားကြီးကုန်းရှိ ဘုရားတိုက်နဲ့ ဇရပ် အပါအဝင် အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ စစ်ခွေးတွေက ဘာသာရေးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲသွားတယ်။ သံဃာတော်တွေ အထူးသတိထား သီတင်းသုံးနေထိုင်တော်မူကြပါလို့ ပြောချင်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ တောင်သာမြို့နယ်၊ ထန်းပင်ကန်ရွာ ဓမ္မာရုံအနီးကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထန်းပင်ကန်ကျေးရွာ ဓမ္မာရုံအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၁၁ နာရီခန့်တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူပိုင် နေအိမ် ၃လုံး ၊ ကျေးရွာ ဓမ္မာရုံ အဆောက်အဦး ၊ 200KVA ထရပ်စဖော်မာ ၁ လုံးနှင့် နွား ၁ ကောင် သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ အထူးဂရုပြု နေထိုင်ကြရန်နှင့် ဗုံးခိုကျင်းများ စနစ်တကျတူး၍ နေထိုင်ကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article