30.5 C
Yangon

ရေတာရှည် ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရေတာရှည် ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် အီဗယ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတာရှည်မြို့နှင့် ကပ်လျက်နေရာတွင်ရှိသော ကျွန်းတောကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲ နေထိုင်သော အင်အား ၂၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်ဝင်လျှပ်စီးစစ်ကြောင်းမှ ရဲဘော်များက သွားရောက် ပစ်ခတ်တိုက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသည် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း ထိခိုက်ဒဏ်ရာရရှိသူများကို ရေတာရှည်မြို့သို့ သယ်ဆောင်လာစဉ် လမ်းခရီး၌ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“လက်ရှိ အခြေနေမှာက အကြမ်းဖက်စကစရဲ့ မတရားစစ်မှုထမ်းဥပဒေ နဲ့ ပေါ်တာစွဲခံရတာ လူငယ်တွေဟာ အခုလို စစ်မြေပြင်တွေကို အတင်းအဓမ္မ စေလွှတ်ခံနေရတာတွေ နေရာတိုင်းမှာ တွေ့နေမြင်နေရပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း မတရားမှုက ကိုယ့်အိမ်တံခါးကို လာခေါက်နေပြီမို့ မဆိုင်သလို မနေကြဖို့နဲ့ စစ်ရေးသတိ စစ်ရေးအသိ နိုင်ငံရေးအမြင်တွေ ရှိကြဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် အီဗယ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို RTC စစ်ကြောင်း နှင့် RTC – UG ပြောက်ကျားရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီး သွားရောက် နေထိုင်ခြင်း မပြုလုပ်ရန် တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article