28 C
Yangon

ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၁၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်မှု စေတီးပုထိုးများ ပျက်စီး

Must read

ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၁၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်မှု စေတီးပုထိုးများ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၁၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် စေတီးပုထိုးများ ပျက်စီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းကို မိတ္ထီလာ ရှမ်းတဲမှ တက်လာသော MiG-29 ဂျက်ဖိုက်တာ ၁ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၁၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း မဲအိုးရွာ ဖောင်တော်ဦး ဘုရားဝင်း တစ်ခုလုံးပျက်စီးခဲ့ပြီး စေတီပုထိုးများလည်း ဗုံးစထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” ပေါင် ၁၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်သွားတာ ပြည်သူထိခိုက်မှု မရှိခဲ့ပါဘူး။ ဖောင်တော်ဦးဘုရားကုန်းဘေးက ရေကန်ထဲကိုပဲ ကျဲချတိုက်ခိုက်သွားတာ ဘုရားစေတီဘေး ရေကန်ထဲကျပေမယ့် ဗုံးသီး ၂ လုံးစလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖောင်တော်ဦး စေတီပုထိုးရော အုတ်တံတိုင်းရော ကျည်စထိမှန်ခဲ့တယ်။ ဖောင်တော်ဦးစေတီပုထိုး ဝန်းကျင်တခုလုံး ရစရာမရှိတော့ဘူး။ အကြမ်းဖက် စစ်ရှုံး ကောင်စီက ကိုယ့်ဘက်က ကျင်းပနေကြတဲ့ မင်္ဂလာပွဲ အလှူပွဲ တွေကို ခေါင်းစဥ် အမျိုးမျိုးတတ်ပြီး လေကြောင်းနဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျုးလွန်နေတာကြောင့် မလုပ်သင့် မလုပ်ထိုက်တဲ့အချိန်အခါမျိုးမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ လူစုလူဝေးပွဲတွေ လူသိရှင်ကြားဖြစ်စေနိုင်မယ့် ပွဲမျိုးတွေ မလုပ်စေချင်ဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အညာဒေသအတွင်း လူစု လူဝေးဖြင့် ကျင်းပလျက်ရှိသော ပွဲလမ်းများကို လက်ရှိချိန်တွင် ကျင်းပခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ယုတ်မာအောက်တန်းကျသော အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပိုမိုမြှင့်တင် လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ ပိုမို သတိထားရှောင်ကြဉ်ရန် လိုအပ်ကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

“ကိုယ့်ပြည်သူတွေသာလျှင် အသက်ဆုံးရှုံးကြရတာမို့ သတိထားဆင်ခြင်ပြီး ဂရုစိုက်စေချင်ပါတယ်။ အကြမ်းဖက်စစ်ရှုံးကောင်စီဟာ ဗုဒ္ဓဘာသာထုံးထမ်းအစဥ်လာအရ ကျင်းပနေကြတဲ့ ပွဲတွေမှာ ဘုန်းကြီးကျောင်းတွေမှာ ပြုလုပ်နေတာများတဲ့အတွက် လူမဆန်တဲ့လုပ်ရပ်တွေ လေကြောင်းတိုက်ခိုက်သတ်ဖြတ်တာတွေ ကျုးလွန်နေတာမို့ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လဲ သတိထားစေချင်တယ် ၊ ပြည်သူတွေကလဲ အပျော်မလွန်ကျုးကြဖို့ ဂရုစိုက်စေချင်ပါတယ်ဗျ ၊ ထုံးတမ်းအစဥ်လာအရ အလှူပွဲ၊မင်္ဂလာပွဲ ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပီး လေကြောင်းတိုက်ခိုက် ပျက်စီးမှု သတ်ဖြတ်မှု ကျုးလွန်နေတာတွေဟာ ဘယ်လိုရှူဒေါင့်ကပဲကြည့်ကြည့် အရမ်းကို ယုတ်မာအောက်တန်းကျလွန်းပါတယ် ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article