29.7 C
Yangon

စလင်းမြို့နယ်မှ ကျေးရွာများကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ်ရာချီ ပြာကျ၊ ပုလဲမြို့နယ်၊ တောသာရွာကိုစစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပြောင်းခင်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြောင်းခင်း တောင်ရွာနှင့် မြောက်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အများအပြား မီးလောင် ပြာကျခဲ့ပြီး ပြည်သူများသည် လက်ရှိချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကာ စားနိပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ပြောင်းခင်း တောင်ရွာနဲ့ မြောက်ရွာကို အကြမ်းဖက် စစ်ခွေးတွေက ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။ ပြည်သူတွေတော့ ဆက်လက် တိမ်းရှောင်နေရတုန်းပဲ ကျနော်တို့ ပကဖ ရဲဘော်တွေက စစ်ရှောင် ပြည်သူတွေကို သွားရောက် ထောက်ပံ့တာရှိပေမယ့် စားနပ်ရိက္ခာတွေကတော့ လိုအပ်နေပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောသာရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ တောသာရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တချို့ ပျက်စီးမှုရှိကြောင်း သိရသည်။

“ပုလဲမြို့နယ် တောသာကျေးရွာကို စစ်ခွေးတွေက စက်တပ် လေထီးနဲ့ ဗုံးကျဲတိုက်ခိုက်တာ ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦး ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရတယ်။ နေအိမ် တချို့လည်း ထိခိုက် ပျက်စီးမှုရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြေဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article