ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ဖားကန့်ပြည်သူများက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေသော တော်လှန်ရေးအဖွဲ့များ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိစေရန် ဆုတောင်းပေးခဲ့ကြပြီး “ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “ မီးရှို့ လူသတ် မုဒိမ်းစစ်တပ်အလိုမရှိ”၊ ” နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့ “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ကြကြောင်း သိရှိရသည်။
ဖားကန့်ပြည်သူများက ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူပေးရန်လည်းတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








