27.3 C
Yangon

TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ အနောက်ပိုင်း ဝန်းထရံ ရပ်ကွက်အတွင်း လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ဘူတာရပ်ကွက်နှင့် နောင်ချို ပြည်သူ့ဆေးရုံပေါ်ကို အကြမ်းဖက် စစ်တပ်က ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးသီး ၃၂ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်ရှည် နှင့် မန်မော်ကျေးရွာကြား၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး လာရောက်ကျဲချ တိုက်ခိုက်ခြင်းကြောင့် မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article