27.3 C
Yangon

Breaking News – မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃ ရက် နံနက် အစောပိုင်း ၁ နာရီမှ ၂ နာရီအထိ မြိုင်မြို့နယ်၊ ဆိပ်ချေးကျေးရွာအနီး၌ Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဂျုတ်ကုန်းကျေးရွာအနီး Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဘောင့်ဘင်ရွာကို Y12 လေယာဉ်ဖြင့် ၂ ကြိမ်၊ ညောင်ကုန်းရွာဘုန်းကြီးကျောင်းကို Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဆူးဝင်း ရွာအနီး၌ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ တောရွာအနီးလယ်ကွင်းပြင်၌ Y12 လေ ယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပေါက်မြို့နယ်၊ လက်ပံတိုရွာအနီး၌ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ သရက် ကန်ရွာအနီး၌ ဂျက် ဖိုက်တာဖြင့် ၁ ကြိမ် စုစုပေါင်း ၉ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း၊ မြိုင်နှင့်ပေါက်မြို့နယ်တို့တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၂ ဦးအတည်ပြုလို့ရပါတယ်။ ဘောင့်ဘင်ရွာက ၄ ယောက်သေတယ်၊ ဒဏ်ရာရသူက ၈ ယောက်ရှိ တယ်။ ကျန်သေတဲ့သူတွေက မှော်ထဲကပါ၊ ရွာတွေထက် ရေနံမှော်ကို အဓိက ကျဲသွားတာ၊ ရေနံလုပ် သားတွေ သေတယ်။ ထိခိုက်မှုအရေအတွက်ကတော့ စုံစမ်းဆဲပါ။ သေတာတောင် ဒီလောက်များ တာ၊ ထိခိုက်မှုလည်းများမှာပါ။ မှော်ထဲက အဆောက်အဦးတွေလည်း ထိခိုက်မှုများပါတယ်။ တိရစ္ဆာန် တွေလည်းသေပါတယ်။ ဒီမနက် လည်း ပါရာမိုတာနဲ့ ကင်းထောက်တာတွေလုပ်ခဲ့ပါသေးတယ်” ဟု အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃ ရက် နံနက် ၆ နာရီခန့်ကလည်း ဆိပ်ဖြူအခြေစိုက် ကပစမှ စက် တပ်လေထီး ၂ စီးဖြင့် မြိုင်မြို့နယ်အနောက်ပိုင်း ကျေးရွာများကို ကင်း ထောက် ပျံသန်းမှုရှိခဲ့ပြီး ပြည်သူများ ထိတ်လန့် ကြောက်ရွံ့နေခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မကွေးတိုင်း၊ မြိုင်မြို့နှင့်ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်း ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ကျူး လွန်နေကြောင်း၊ ပြည်သူများ အနေဖြင့်‌ လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်း များတူးထားခြင်း၊ လေ ကြောင်းသတိပေးချက် စောင့်ကြည့်ကာ စစ်ရေးအသိ သတိဖြင့်နေထိုင်ရန် လိုအပ်လျက်ရှိကြောင်း တော်လှန်ရေးတပ်များက အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article