29 C
Yangon

ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

Must read

ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

ရန်ကုန်၊ မတ် ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ စတင်သည့် ရုရှားခရီးစဉ် မတိုင်မီ နေပြည် တော် စစ်ရုံးတွင် ပြုလုပ်သော စစ်ဘက်ဆိုင်ရာ Joint of Command အစည်းအဝေးတွင် “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ လုံး၀ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

” တပ်မတော်ကို သစ္စာရှိဖို့၊ အထက်အရာရှိနဲ့ ခေါင်းဆောင်တွေ အပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ အဲဒါက အရေးကြီးဆုံးဖြစ်တယ်။ သစ္စာရှိရင် ဘယ်လိုပြစ်မှုမျိုးပဲဖြစ်ဖြစ် ကိုယ့်ခေါင်းဆောင် အထက်အရာရှိတွေကို နားလည်အောင် ရှင်းပြရင် ခွင့်လွှတ်ကျေအေးပေးလို့ရတယ်။ သစ္စာမဲ့ရင်တော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာမရှိဘူး။ သစ္စာတရားသာ မရှိရင် ဘယ်အဖွဲ့အစည်းမှ ကြာကြာ မတည်မြဲနိုင်ဘူး။ ဒါကြောင့် တပ်မတော်မှာ သစ္စာတရားတွေ ခိုင်မာအောင် လုပ်ရမယ် ဆိုတာကို JOC မီတင်မှာ တပ်ချုပ်က ပြောသွားတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

နေပြည်တော်စစ်ရုံးတွင် တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေ အနေများကို အစီရင်ခံသော Joint of Command အစည်းအဝေးများကို အမြဲလိုလို ကျင်းပလေ့ရှိပြီး အဆိုပါ အစည်း အဝေးသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ရေချုပ်၊ လေ ချုပ်နှင့် ကစထမှူးများ တက်ရောက်ရလေ့ရှိသည်။

ရုရှားခရီးစဉ်မတိုင်မီ သစ္စာရှိကြရန် မှာကြားမှုမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ၎င်းကို သစ္စာရှိကြရန် ၊ ပုန်ကန်မလုပ်ရန် သတိပေးသည့်သဘောဟုဆို နိုင်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၃ ရက်နေ့ မှ မတ်လ ၉ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်နေသော မင်းအောင်လှိုင်က ၎င်း၏ တာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ အတွင်း ရေးမှူး အောင်လင်းဒွေး၊ စစ်ဘက် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းတို့ထံသို့ ယာယီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရုရှားရောက် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article