Khit Thit သတင်းဌာန၏ မတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ဖို့ အဓိကကျတဲ့ OWIC ကတ် ထုတ်ပေးမှုကို ၁၈ ရက်ကြာတဲ့အထိ ဆက်လက်ပိတ်ပင်ထားမှုကြောင့် ပြည်ပထွက်အလုပ်လုပ်မယ့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံကနေ ထွက်ခွာခွင့်မရပဲ ပိတ်မိနေတယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ “ပုဂ္ဂလိက တက္ကသိုလ်” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခွင့်မပေးတော့ပဲ စစ်ကောင်စီက ပိတ်ပင်လိုက်ပြန်ပြီး အဲ့ဒီ့နေရာမှာ “ပုဂ္ဂလိက ကောလိပ်” ဆိုတဲ့ အသုံးအနှုန်းသာ သုံးစွဲရမယ်ဆိုပြီး အမိန့်ထုတ်လိုက်ပြန်သလို CDM ဆရာ၊ ဆရာမတွေကိုပါ အလုပ်မခန့်ရဘူးဆိုပြီးတော့ကို အမိန့်ပေး ခြိမ်းခြောက်လာပြန်တယ်လို့ ပုဂ္ဂလိကပညာရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မန္တလေးတိုင်းက တံတားဦး နဲ့ နွားထိုးကြီး မြို့နယ်တွေမှာ ၄ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
