30.5 C
Yangon

ယင်းမာပင်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ် လူငယ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ် သိန်း ၃၀ စီချီးမြှင့်

Must read

ယင်းမာပင်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ် လူငယ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ် သိန်း ၃၀ စီချီးမြှင့်

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ် လူငယ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု ငွေကျပ် သိန်း ၃၀ စီချီးမြှင့်လိုက်ကြောင်း UFL စစ်ကြောင်း တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပြည်သူ့စစ်လူငယ် ၃ ဦးက MA1 သေနတ် ၃ လက်၊ ကျည်ဘောက် ၅ ဘောက်၊ကျည် တောင့် ၃၀၀ ကျော်တို့နှင့် ယင်းမာပင်မြို့နယ်ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံသို့အလင်းဝင်လာသဖြင့် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီ ချီးမြှင့်ခဲ့ပြီး မိသားစုနှင့် တွေ့ဆုံရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“လောလောဆယ်တော့ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်။ သူတို့စိတ် သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အလင်း ဝင်လာတဲ့အတွက် ကျနော်တို့က နွေးထွေးစွာကြိုဆိုပါတယ် ။နောက်ပိုင်းကျရင်တော့ မိသားစုနဲ့တွေ့ဆုံဖို့တွေပါ စီစဥ်ပေးဖို့ရှိပါတယ်” ဟု UFL စစ်ကြောင်း တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီလက်အောက်မှ ထပ်မံ အလင်းဝင်လာမည့် သူများကိုလည်း အမြဲတံခါးဖွင့် ကြိုဆိုနေပြီး လုံခြုံရေးနှင့် လွတ်မြောက်နယ်မြေတွင် နေထိုင်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း UFL စစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article