32 C
Yangon

ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ ကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ ကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းအနီးသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ဒီးမော့ဆိုမြို့နယ်၊ စစ်ဘေးရှောင်ပြည်သူအများစု နေထိုင်ရာ ချယ်ရီကုန်းစျေးအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ပျံဝဲပြီး ဗုံး ၈ လုံးခန့်ကျဲချခဲ့ကြောင်း၊ လတ်တလော လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းများပါပျံဝဲနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

“ချယ်ရီကုန်းစျေးနားကို လေယာဉ်နဲ့ ၄ ကြိမ် ဗုံးလာကျဲတယ်။ လတ်တလောတော့ အထိအခိုက် မကြားရသေးဘူး။ အခုတော့ ချယ်ရီကုန်းနားက စျေးဆိုင်တွေ အကုန်ပိတ်ပြီး ပြေးနေရပြီ။ ဒရုန်းတွေလည်း ပျံနေတယ်။ လေယာဉ်လည်း မကြာခဏ ဝဲနေတယ်။ ပြည်သူတွေ အကုန် ရှောင်နေရပါတယ်။ လေကြောင်းအန္တရာယ်ကတော့ တစ်နေ့လုံး စိုးရိမ်နေရတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် အသေခံဒရုန်းများဖြင့်ပါ ချယ်ရီကုန်းစျေးအနီးသို့ ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

အလားတူ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်အတွင်း အကြမ်း ဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ရရှိခဲ့ကြောင်း Karreni Human Rights အဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် အကြမ်းဖက်စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်နက်ကြီးကြောင့် သေဆုံးသွားရသူမှာ အသက် ၁၈ နှစ်အောက် အရွယ်မရောက်‌သေးသည့် လူငယ် ၁ ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင်လည်း အသက် ၁၈ နှစ်အောက် အရွယ် မရောက်‌ သေးသူ ၂ ဦးလည်း ပါဝင်ကြာင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article