32 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးရရှိ

Must read

ထိုင်းနိုင်ငံ၊ ကန်ချနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၄

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် ယနေ့ နံနက်ပိုင်းတရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင်အချိန် မြန်မာအလုပ်သမား ၁၄ ဦးလိုက်ပါသော ကားကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့စဉ် ထိုသို့ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ကားသမားမှာ ထွက်ပြေးသွားပြီး ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၁၄ ဦးတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁၂ ဦးပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများမှာ ဘုရားသုံးဆူမှတစ်ဆင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀၀၀ ပေးဆောင်ရန် သဘောတူညီပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article