28 C
Yangon

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်တွင် မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို Live လွှင့်ရောင်း‌နေသည့် အွန်လိုင်း လက်ကားဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စီးနင်း ဖမ်း‌ဆီး ပိတ်သိမ်း

Must read

ရန်ကုန်၊ မတ် ၅

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်တွင် မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို Live လွှင့်ရောင်း‌နေသည့် အွန်လိုင်း လက်ကားဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စီးနင်း ဖမ်း‌ဆီး ပိတ်သိမ်းခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ အေအေစီကိုရဲမင်းက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာနိုင်ငံသား မွန်အမျိုးသမီး ဦးစီးသည့် ထိုင်းတောင်ပိုင်းရှိ Online Shopping ဆိုင်ကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုဖမ်းဆီးခံလိုက်ရတဲ့ဒီ Online Shopping ဆိုင်က သူ့ အမျိုးသားက ထိုင်းလူမျိုး၊ သူ့ရဲ့ မိန်းမကတော့ မွန်လူမျိုး။ ထိုင်းမှာက ဒီ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ ရောင်းတာက အရောင်းလိုင်စင် ရှိနေရင်တောင် ငွေကြေးလိုင်စင်လိုတယ်။ မြန်မာပြည်ကနေ တင်သွင်းတဲ့အခါမှာ အကောက်ခွန်ပေးချေပြီးသားလား ပြန်လည်စစ်ဆေးတယ်။ အဆင့်ဆင့် ဥပဒေအရရှိတယ်။ အရောင်းလိုင်စင်ရှိရင်တောင် ငွေကြေးလိုင်စင်လိုသေးတော့ ဘာနဲ့ မဆို ဖမ်းလို့ရတယ်။ ဖမ်းရင်တော့ ဘယ်လို ပုံစံနဲ့မ‌ဆို ဖမ်းလို့ရတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်သွင်း ရောင်းချမည့် ကုန်ပစ္စည်းတိုင်းသည် ဖားစီ ဟုခေါ်သည့် အကောက် ခွန်ပေးရန်လိုအပ်သည့် အတွက် မြန်မာပစ္စည်းများကို ဖမ်းဆီးမည်ဆိုပါက ဖမ်းဆီး၍ ရသည့် အနေအထားမျိုးဖြစ် ကြောင်း သိရှိရသည်။

” ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေကို လုပ်ဆောင်ခွင့်မပေးတဲ့ ကန့်သတ်ထားတဲ့ အလုပ် ၂၇ မျိုးရှိတယ်။ ဒီအလုပ် တွေထဲမှာ ဈေးရောင်းဈေးဝယ်တွေလည်း အများကြီးပါတယ်။ အဲဒီအလုပ်တွေ လုပ်နေပြီး လိုင်းပေါ်မှာ မကြွားကြဖို့၊ မပြိုင်ကြဖို့ သတိပေးခဲ့တယ်။ အခုလက်ရှိ ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေက အမြင်ကတ်သွားတာက အဲဒီအကျိုးဆက်တွေပဲ။ ထိုင်းလူမျိုးတွေက မြန်မာတွေကို အမြင်ကတ်သွားတာက အဲဒီအကျိုးဆက်တွေပဲ။ ထိုင်းတွေက စီးပွားရေးကျဆင်းနေချိန်မှာ လိုင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ရွှေတွေဝယ်တာ၊ ကားတွေ ဝယ်တာ ကြွား ဝါပြ‌တော့ ထိုင်းလူမျိုးတွေက အမြင်ကတ်လာတာပဲ။ နောက်ပိုင်း ပိုတင်းကြပ်နိုင်တယ်”ဟု အေအေစီ ကိုရဲမင်းက ပြေဆိုသည်။

ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကို ကန့်သတ်ထားသော အလုပ်လုပ်ကိုင်ခြင်း၊ တရားဝင် လိုင်စင်ဖြင့်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းများကို ထိုင်းအာဏာပိုင်များက ရှာဖွေ ဖော်ထုတ် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article