ရန်ကုန်၊ မတ် ၅
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မြို့မ ရဲစခန်းမှူးရဲအုပ် သိန်းလွင်သည် လက်ဖက်ရည်ဆိုင် ထိုင် စားသောက်နေစဉ် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့ မြို့မ ရဲစခန်းမှူးရဲအုပ်သိန်းလွင်သည် အမှတ် ၁ ရပ်ကွက် ၊ ချမ်းမြေ့အောင်လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ရဲစခန်းမှူးသည် ပွဲချင်းပြီး သေဆုံးပြီး ၎င်းကိုင်ဆောင်သော လက်နက်ခဲယမ်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
“ဆင်ဖြူကျွန်းမြို့မ ရဲစခန်းမှူးကို ၄ ရက်နေ့ နံနက် ၇ နာရီလောက်က သေနတ်သမားတွေ ပစ်ခတ်လို့ သေပြီလို့ သိရတယ်။ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း နာထင်တေ့ ပစ်သွားတာ သူရဲ့သမီး စာမေးပွဲးဖြေပြီးရင် အဲ့စခန်းမှူးက နယ်ပြောင်းတော့မှာလို့လည်း ကြားတယ်။ သူကိုင်တဲ့ လက်နက်တစ်ချို့လည်းပါသွားတယ်လို့ကြားတယ်။အနီးကပ်ပစ်သွားတဲ့သူက ကောင်မလေးတစ်ယောက်လို့လည်းကြားတယ်။ တစ်ချို့က ကောင်းလေး သုံး ယောက်လို့လည်းပြောတယ်။ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေက ပစ်တယ်ဆိုတာတော့ တရားဝင်ထုတ်ပြန်ထားတာမရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရဲစခန်းမှူး ပစ်ခတ်ခံရပြီးနောက် ယနေ့ မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စလင်းမြို့နယ် ရှေ့ဘက်ခြမ်းကို အိမ်စီးကားများဖြင့် လှည့်လည်၍ လူငယ်များကို ဖမ်းဆီးမှုများ လုပ် ဆောင်နေကြောင်း၊ ယင်းဖမ်းဆီးမှု အတွင်း လယ်လုပ်နေသည့် လူငယ်တချို့နှင့် အမျိုးသမီးတချို့ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
