34 C
Yangon

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ မတ် ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်း မြစ် ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်အချိန် ဂန့်ဂေါမြို့နယ်‌ မြောက်ပိုင်းရှိ ကန်ကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးအောင်ဖြိုးနှင့် ဇနီးဖြစ် ဒေါ်ထားမြင့်တို့ ဗုံးစ ထိမှန် သေဆုံးကြောင်း၊ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦး စုစုပေါင်း ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းအ ထန်ရရှိပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်အပါအဝင် လူနေအိမ် ၄ လုံးမီးလောင်ပြာကျခဲ့ပြီး အနီးအနားရှိ နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကံရွာက ရွာကြီးပါ၊ အိမ်ခြေကတော့ များတယ်၊ အရေအတွက် ဘယ်လောက်ရှိလဲတော့ မပြောတတ် ဘူး။ ရွာမှာက တိုက်ပွဲလည်းမဖြစ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ရွာထဲမှာမရှိဘူး။ စခတွေ လည်းရွာမှာမရှိဘူး။ ပြည်သူတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဘောပါ” ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညပိုင်းကလည်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်း တောင်ခင်ရန်း ကျေးရွာ ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူနေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကန်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအား တွေ့ရစဉ်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article