23.3 C
Yangon

ရုရှားဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာအလုပ်သမား ၂၄ ဦးကို G to G အစီအစဉ်ဖြင့် စတင်စေလွှတ်ပြီး ဝန်ဆောင်ခ Zero Cost ဖြင့်ပို့ဆောင်၊ ရုရှားနှင့်မြန်မာ MoU လက်မှတ်ထိုးရန် ညှိနှိုင်းနေ

Must read

ရန်ကုန်၊ မတ် ၆

ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာအလုပ်သမား ၂၄ ဦးကို နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင် ရွက်သည့် G to G အစီအစဉ်ဖြင့် စတင်စေ လွှတ်ပြီး ဝန်ဆောင်ခ Zero Cost ဖြင့်ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင် စီ ၏ ထုတ်ပြန်ချက်နှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ပြောဆိုချက်အရ သိရှိရသည်။

ရုရှားနိုင်ငံသို့ Pilot Project ဖြင့် စေလွှတ်ရာတွင် Vista International Co.,Ltd က ရုရှား Joint-Stock Company ‘Inturd’ Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ မြန်မာအလုပ်သမား ၅၄ ဦး စေလွှတ်ရန် စီစဉ်ထားသည့်အနက်မှ ၂၄ ဥိးကို ပထမဆုံး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက G to G စနစ်နဲ့သွားတာ။ ရုရှားဘာသာစကား သင်တန်းဆင်းပြီးသား လုပ် သားတွေ။ သံချည်သံကွေး၊ ပန်းရန် ကျွမ်းကျင်အလုပ်တွေ။ ပို့တာကလည်း စစ်မှုထမ်းဟောင်းပိုင်တဲ့ ကုမ္ပဏီကပဲပို့တာ။ ဝန်ဆောင်ခက Zero Cost ပါ။ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေဆီပို့မယ်လို့ သိထားတယ်။ အလုပ် သမားဝန်ကြီးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီတွေပဲ ပို့ခွင့်ရှိတာ။ လုပ်ခလစာ တစ်လကို အမေရိကန်ဒေါ်လာ ၂၅၀ ဝန်းကျင်လောက်ရမယ်လို့ သိရတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက မြန်မာအလုပ်သမားများ ရုရှားနိုင်ငံသို့ တရားဝင် နှစ်နိုင်ငံ အ လုပ် သမားရေးရာ ပူးပေါင်းဆောင် ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article