ရန်ကုန်၊ မတ် ၇
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းသို့ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ် ၊ အမှတ် ၉၀၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။
မတ်လ ၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အောင်ဇေယျာထွန်းနှင့် သော်တာမင်းထက်တို့သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ နေပြည်တော်တိုင်းစစ်ဌာန တပ် ရင်း – ၉၀၁ ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရသည်။
၎င်းတို့ နှင့်အတူ MA3 အမျိုးအစား မောင်းပြန် သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး ၊ 5.56 (ဘားမား) ကျည် ၂၄ တောင့်တို့ပါရှိလာကြောင်း သိရသည်။
အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သား ၂ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေဖြင့် စစ်မှုထမ်း အပတ်စဉ် ၂ ခေါ်ယူချိန်တွင် ပေါ်တာဆွဲခံရကာ စစ်တပ်အတွင်း ရောက်ရှိ လာသူများဖြစ်ကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ် ၊ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

