30.5 C
Yangon

စလင်း ဆင်ဖြူကျွန်း တိုက်နယ်ကို စစ်တပ်က စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများတိမ်းရှောင်နေရ၊ စလင်း-တညောင် လမ်းပိုင်းကို လုံးဝ သွားခြင်းမပြုလုပ်ရန် PDF တပ်ဖွဲ့ သတိပေး

Must read

စလင်း ဆင်ဖြူကျွန်း တိုက်နယ်ကို စစ်တပ်က စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများတိမ်းရှောင်နေရ၊ စလင်း-တညောင် လမ်းပိုင်းကို လုံးဝ သွားခြင်းမပြုလုပ်ရန် PDF တပ်ဖွဲ့ သတိပေး

ရန်ကုန်၊ မတ် ၇

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း တိုက်နယ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများတိမ်းရှောင်နေရကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့တွင် နံနက်ပိုင်းတွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း တိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဆင်ဖြူကျွန်း တိုက်နယ်အတွင်းရှိ ကျေးရွာများထိပ်တွင် ကင်းပုန်းများချထားပြီး လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးနေရခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် တော်လှန်ရေး တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထို့ကြောင့် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အကြမ်းဖက် စစ်တပ် စစ်ကြောင်းရှိနေသည့် စလင်း-တညောင် ကားလမ်းပိုင်းကို ယာယီပိတ်ထားလိုက်ပြီး ပြည်သူများ လုံးဝဖြတ်သန်းခြင်းမပြုလုပ်ရန် အသိပေး ထုတ်ပြန်ထားသည်။

“ဆင်ဖြူကျွန်းနဲ့ စလင်းထဲက ရွာတွေ တော်တော်များများတော့ တိမ်းရှောင်နေရတယ်။ ခန့်မှန်းခြေ တိမ်းရှောင်နေရတာ ၁၀ ရွာကျော် ဝန်းကျင်လောက်ရှိပါတယ်။ လူဦးရေက တော်တော်များတယ်။ ထောင်နဲ့ချီတယ်။ စစ်ခွေးတွေက စစ်ကြောင်း တက်လာတာပဲရှိသေးတယ်။ ရွာတွေကို ဝင်ရောက်စီးနင်းတာတော့မရှိသေးဘူး။ လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်။ ပြည်သူထိခိုက်မှုတော့ မရှိဘူးလို့ သိထားရတယ်။ လက်ရှိ ခွေးစစ်ကြောင်းကလည်း တက်လာတာဆိုတော့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်လို့ ခရီးသွားတဲ့ ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် လမ်းပိုင်းကို ကြိုတင်ပိတ်လိုက်တာပေါ့” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article