24.6 C
Yangon

မင်းတပ်မြို့ အတွင်း စစ်တပ် ထောင်ထားသော မိုင်းပေါင်းစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရရှိထားပြီး ရှင်းလင်းရန် ကျန်ရှိနေ

Must read

မင်းတပ်မြို့ အတွင်း စစ်တပ် ထောင်ထားသော မိုင်းပေါင်းစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရရှိထားပြီး ရှင်းလင်းရန် ကျန်ရှိနေ

ရန်ကုန်၊ မတ် ၇

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းပေါင်းစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရရှိထားပြီး ရှင်းလင်းရန် ကျန်ရှိနေဆဲဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခဲ့စဉ်က ၎င်းတို့ တပ်စခန်း အနီးအဝန်းကျင်အပြင် ပြည်သူများ နေထိုင်သော နေရာများတွင်ပါ မိုင်းမျိုးစုံ ထောင်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် မိုင်းပေါင်းစုံ စုစုပေါင်း ၂၀၀၀ ထက်မနည်းကို ရှင်းလင်းထားပြီး ဖြစ်ကြောင်း သိရဿည်။

” မိုင်းအကုန်လုံးတော့ ရှင်းလင်းနိုင်တာလို့တော့ ပြောလို့မရသေးဘူး။ နောက်ထပ် ရှင်းစရာတွေ ရှိနေနိုင်သေးပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။

ထို့ကြောင့် မင်းတပ်မြို့ အတွင်း ပြန်လည် ဝင်ရောက် နေထိုင်ကြမည့် ပြည်သူများအနေဖြင့် နေအိမ်၊ အဆောက်အအုံနှင့် လမ်းဘေးပတ်ဝန်းကျင်များ၌ မသင်္ကာဖွယ်ရာ မိုင်း၊ ပေါက်ကွဲစေတတ်သောအရာများ တွေ့ရှိပါက ထိတွေ့ ကိုင်တွယ်ခြင်းမပြုလုပ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းထံ အလျှင်အမြန်သတင်းပေးပို့ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အသိပေး မေတ္တာရပ်ခံထားသည်။

မင်းတပ်မြို့ကို နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article