28 C
Yangon

ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၆ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် မူးမြို့နယ်၊ ကျောက်ကြီးပေါက် ကျေးရွာအတွင်းသို့ တောင်ငူ လေ တပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆၃ နှစ် ဒေါ်ထွေး သေ ဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မဝင်းဝင်းအေးနှင့် အသက် ၂၄ နှစ်အရွယ် မဖြိုးရတနာအောင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ နံနက် ၂ နာရီ ၅ မိနစ်တွင် မူးမြို့နယ်၊ မကျည်းတောကျေးရွာအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီတပ်က ထပ်မံ၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၃ နှစ်အရွယ် မခိုင်ဦး ၊ အသက် ၅၅ နှစ် အရွယ် ဦးအောင်မြင့်အေးတို့ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကာ နေအိမ် ၁ လုံးမှာ မီး လောင်ပြာကျခဲ့ကြောင်း၊ အလားတူ နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရော့ကတ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၆ နာရီ ၄၆ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ အင်းနက်အကျေးရွာအ တွင်းသို့ အကြမ်း ဖက် စစ်ကောင်စီ၏ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ တရေးစီလော်(နရွဲပင်) ကျေးရွာတွင်းသို့ ထပ်မံ ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ − အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article